Application Policy

Terms & Conditions

Account ဖွင့်ခြင်း

(၁) သင်သည် J’donuts ဆော့ဖ်၀ဲလ် ကို ဒေါင်းလုတ်လုပ်ရယူခြင်း (သိုမဟုတ်) အသုံးပြုခြင်းအားဖြင့် ဤ J’donuts ဆော့ဖ်၀ဲလ် ၏ စည်းကမ်းသတ်မှတ်ချက် နှင့် မူ၀ါဒများကို သဘောတူညီပြီး ဖြစ်သည်ဟု ယူဆပါသည်။

(၂) J’donuts မှ မည်သည့်အချိန်တွင်မဆို J’donuts ဆော့ဖ်၀ဲလ် ၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် မူဝါဒဆိုင်ရာများကို ကြိုတင်အကြောင်းကြားခြင်းမရှိစေဘဲ ပြင်ဆင်ပိုင်ခွင့်ရှိသည်။

(၃) J’donuts ဆော့ဖ်၀ဲလ် ကို ဆက်လက်အသုံးပြုခြင်းသည် ဆော့ဖ်၀ဲလ်တွင် သတ်မှတ်ထားသော ဝေါဟာရများ ၊ စည်းကမ်းသတ်မှတ်ချက်များ နှင့် မူ၀ါဒဆိုင်ရာများကို အသုံးပြုသူတစ်ဦးအနေဖြင့် လက်ခံသည်ဟု ယူဆပါသည်။

(၄) J’donuts ဆော့ဖ်၀ဲလ် ကို မြန်မာနိုင်ငံ ပြင်ပတွင် သုံးစွဲခွင့်မပြုခြင်း၊ စည်းကမ်းသတ်မှတ်ချက်များ နှင့် မူဝါဒဆိုင်ရာများ ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အက်ဥပဒေအတိုင်း သတ်မှတ်ထားပါသည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

(၁) Account ဆိုသည်မှာ J’donuts ဆော့ဖ်၀ဲလ် ဝန်ဆောင်မှု၏ အစိတ်အပိုင်းများကို ဝင်ရောက်အသုံးပြုရန် သင့်အတွက် သီးသန့် ဖန်တီးထားသော Account ကို ဆိုလိုသည်။

(၂) Application ဆိုသည်မှာ ကုမ္ပဏီမှ ပံ့ပိုးပေးသော J'Donut JustOrder ဆော့ဖ်၀ဲလ် အစီအစဉ်ကို ဆိုလိုသည်။

(၃) Company (ဤသဘောတူညီချက်တွင် "ကုမ္ပဏီ"၊ "ကျွန်ုပ်တို့" သိုမဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းသည်) ဆိုသည်မှာ ရန်ကုန်ရှိ J'Donuts Company ကို ဆိုလိုသည်။

(၄) Country ဆိုသည်မှာ မြန်မာနိုင်ငံကို ရည်ညွှန်းသည်။

(၅) Device ဆိုသည်မှာ ကွန်ပျူတာ၊ ဆဲလ်ဖုန်း သိုမဟုတ် ဒစ်ဂျစ်တယ် တက်ဘလက်ကဲ့သို ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုနိုင်သော စက်ကိရိယာတခုကို ဆိုလိုသည်။

(၆) Personal Data ဆိုသည်မှာ ကို software အသုံးပြုသူ user ၏ သတင်းအချက်အလက်များကို ဆိုလိုသည်။

(၇) Service ဆိုသည်မှာ Application မှပေးသော ၀န်ဆောင်မှုကို ရည်ညွှန်းသည်။

(၈) You ဆိုသည်မှာ ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုနေသော ပုဂ္ဂိုလ်တစ်ဦး သိုမဟုတ် အဖွဲ့အစည်းကို ရည်ညွှန်းသည်။

အသိပေးချက်များ

(၁) အသုံးပြုမည့် user များသည် အသက် ၁၈ နှစ် အနည်းဆုံးရှိရပါမည်။ အသက် ၁၃ နှစ်နှင့် အသက် ၁၈ နှစ် ကြား အသုံးပြုမည့် user ဖြစ်ပါက မိဘ (သို့မဟုတ်) အုပ်ထိန်းခွင့်ရရှိသူ၏ သဘောတူညီမှုဖြင့် အသုံးပြုရပါမည်။

(၂) အသုံးပြုမည့် user သည် account တခုတည်းသာ ဖွင့်၍ရပါမည်။

(၃) Account ဖွင့်ရန်အတွက် user ၏ နောက်ဆုံး update မှန်ကန်သော အချက်အလက်များကို ပြည့်စုံစွာဖြည့်ပေးရပါမည်။

(၄) Account တွင်ဖြည့်ထားသော အချက်အလက်များ တစုံတရာ အပြောင်း အလဲရှိပါက J’donut ရုံးချုပ်သို ဆက်သွယ်၍ မိမိ Account တွင်ပြောင်းလဲလိုကြောင်း Form တွင် ဖြည့်ပေးရပါမည်။

(၅) User သည် မိမိ Account ၏ လုံခြုံရေးပိုင်း ဆိုင်ရာ password နှင့် OTP ကို တခြားသူများသို့ ပြောင်းခြင်း အသိပေးခြင်း လုံးဝ မပြုလုပ်ရပါ။

Setting

(၁) အသုံးပြုမည့် user များသည် Terms & Conditions ပါ သတ်မှတ်ချက်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(၂) အသုံးပြုမည့် user များသည် Privacy Policy အရ ချမှတ်ထားသော စည်းကမ်းချက်များကိုလည်း လေ့လာနိုင်ပါသည်။

(၃) Application ကို update ပြုလုပ်မည်ဆိုလျင် Setting ရှိ About တွင် Update ပြုလုပ်နိုင်ပါသည်။

(၄) Application အသုံးပြုသူများသည် Application မှ Log out ပြုလုပ်လိုက်ပါက သက်ဆိုင်ရာ အချက်အလက်များကိုပါ ရှင်းလင်းလိုက်မည်ဖြစ်ပါသည်။

System Hygiene

(၁) Urgent Message

System admin ဘက်မှ application ၏ system နှင့် ပတ်သတ်၍လည်းကောင်း၊ Application Update နှင့် ပတ်သတ်၍လည်းကောင်း customers ဘက်သို့ ကြေညာချက်များ ပြုလုပ်သည့် urgent message များ ပေးပို့ပါမည်။

(၂) Emergency

System အတွက် ပြုပြင်မှုများလိုအပ်သည့်အခါတွင် Maintenance Mode on ထားမည်ဖြစ်၍ Application ကို ခေတ္တခဏ အသုံးပြု၍ ရမည်မဟုတ်ပါ။ ထိုအခြေအနေအတွက်လည်း Customer ဘက်သို့ အကြောင်းကြားပေးမည် ဖြစ်ပါသည်။

(၃) Privacy & Protection

J'Donuts အနေဖြင့် အသုံးပြုသူ Userများ၏ အချက်အလက်များကို ပြင်ပသို့ပေါက်ကြားမှုမရှိစေရန် လုံခြုံရေးအရ ထိန်းသိမ်းပေးပါမည်။

User Account Registration

(၁)  J'Donuts၏ member ဝင်ချင်သူများအနေဖြင့် မိမိတို့ device နှင့် ကိုက်ညီသော application ကို play store (သို့) app store တွင် ဝင်ရောက်ထည့်သွင်းနိုင်ပါသည်။

(၂) ထိုမှတဆင့် register လုပ်ငန်းစဉ်တွင် လူကြီးမင်းတို့၏ အချက်အလက်များကို စာရင်းပေးသွင်းနိင်ပါသည်။

(၃) J'Donuts မှ အခါအားလျော်စွာ J'Donuts member တိုင်း၏ စာရင်းပေးသွင်းထားသော အချက်အလက်များကို အတည်ပြု၍ ခံစားခွင့် program များတွင် ထည့်သွင်း ပေးအပ်သွားပါမည်။ 

(၄) သို့ဖြစ်ပါ၍ ကျေးဇူးပြုပြီး စာရင်းပေးသွင်းရာတွင် လူကြီးမင်းတို့၏ အချက်အလက်များကို သေချာစွာစိစစ်ပြီး ဖြည့်သွင်းပေးပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

(၅)  Software download လုပ်ရမည့် link မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

(Sample Link)

(၅) Play Store Link > https://play.google.com/store/apps/details?id=com.grabtaxi.passenger

(၆) App Store Link > https://play.google.com/store/apps/details?id=com.grabtaxi.passenger

J'Donuts Application ကို Download ပြုလုပ်နိုင်သည့် Link များ (Sample Link)

(၁) Android users များသည် https://play.google.com/store/apps/details?id=com.grabtaxi.passenger  (သို့) QR Code Scan ဖတ်၍လည်း  play store သို့  သွားရောက်နိုင်ပါသည်။

(၂)  IOS users  https://play.google.com/store/apps/details?id=com.grabtaxi.passenger (သို့) QR Code Scan ဖတ်၍လည်း App store သို့ သွားရောက်နိုင်ပါသည်။

J'Donuts Member Types

 (၁) account register စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ပြီးဆုံးပါက Normal Customer အနေနှင့်သာ ရှိနေမည်ဖြစ်ပြီး wallet member level၏ ခံစားခွင့်များအပါအဝင် wallet related function များကို အသုံးပြု၍မရပါ။


(၂) Wallet Top Up လုပ်ဆောင်မည့် customerများသည် Wallet Member (Regular (သို့) Reseller) ဖြစ်နေရပါမည်။ User Level upgrade ပြုလုပ်ခြင်း လုပ်ငန်းစဉ်အား နီးစပ်ရာ J'Donuts ဆိုင်များတွင်လည်ကောင်း J'Donuts Head Office သို့ဆက်သွယ်၍လည်းကောင်း upgrade ပြုလုပ်နိုင်ပါသည်။


(၃) Upgrade လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် Account လုံခြုံမှုနှင့် အချက်အလက်များ ခိုင်မှာမှုရှိစေရန်နှင့် Member Card Application form ဖြည့်သွင်းခြင်းအတွက် အောက်ပါအချက်အလက်များကို ဖြည့်သွင်းပေးရပါမည်။ (ဆိုင်အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ NRC နံပါတ်၊ Birthday)

Notifications (အသိပေးချက်များ)

(၁) J'Donuts ဘက်မှ Promotions နှင့် အခြားခံစားခွင့်များ ရှိသည့်အခါတိုင်းတွင် Application ၏ Notification မှ ကြေညာပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အခွင့်အရေးများ လက်မလွတ်စေရန် အတွက် Notification ယူထားနိုင်ပါသည်။

Birthday Gift

(၁) Birthday ရောက်ပါက App's Home Screen တွင် birthday product menu တခုပေါ်လာပါမည်။

(၂) Customer ဘက်မှ claim ကိုနှိပ်ပြီး Gift ထုတ်ယူမည့် ဆိုင်နှင့် အချိန်ကို ရွေးချယ်ပေးရပါမည်။ ထို့နောက် System မှ Gift ထုတ်ယူရန် QR Code ရရှိလာပါမည်။

(၃) Gift ထုတ်ယူမည့်သူသည် QR Code ကိုဆိုင်တွင်ပြပြီး လက်ဆောင်ကို ထုတ်ယူနိုင်ပါသည်။ 

Wallet Top Up (ငွေဖြည့်ခြင်း)

(၁) Wallet account ဖွင့်ပြီးသွားပါက J'Donuts ဘက်မှ initial deposit (1000 kyats) ကို wallet account ထဲသို့ ထည့်ပေးထားပါမည်။

(၂) Regular Wallet Member သည် ၅,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ် အထိ ဖြည့်သွင်းနိုင်ပါသည်။ နီးစပ်ရာ J'Donuts ဆိုင်များ၌ ငွေဖြည့်သွင်းနိုင်ပြီး၊ KBZ Pay, AYA Pay တို့နှင့်လည်း ချိတ်ဆက်ပြီး ငွေဖြည့်သွင်းနိုင်ပါသည်။

(၃) Reseller Wallet Memberများသည် ၁၀၀,၀၀၀ ကျပ်နှင့်အထက် ငွေဖြည့်သွင်းနိုင်ပါသည်။ Reseller Wallet Member များသည် ငွေဖြည့်သွင်းရန်အတွက် ရုံးချုပ် ဖုန်းနံပါတ် (၀၉ ၄၀၈၂၄၃၅၁၁) သို့ ဆက်သွယ်ပေးရပါမည်။

(၃) ငွေဖြည့်သွင်းပြီးပါက system မှ notification ပေးပို့မည်ဖြစ်ပြီး၊ မိမိ၏ wallet account တွင်လည်း balance ကို ဝင်ရောက်စစ်ဆေးနိုင်ပါသည်။ 

Gift ပေးခြင်း

(၁) Wallet account ရှိပြီးသား customer များသည် ၅,၀၀၀, ၁၀,၀၀၀, ၂၀,၀၀၀ မှစ၍ ၅၀,၀၀၀ ကျပ်အထိ အခြား membersများသို့ Gift Card လက်ဆောင်ပေးပို့နိုင်ပါသည်။

(၂) ရရှိထားသော Gift Card ကို ရက် (၉၀) အတွင်း Wallet တွင် ငွေဖြည့်ပြီး မုန့်ဝယ်ယူရန်အတွက် အသုံးပြုနိုင်သည်။ 

(၃) ရက် (၉၀) ကျော်လွန်ပါက သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပြီး ပြန်လည် အသုံးပြု၍ မရနိုင်ပါ။

Point Transfer (Point လက်လွှဲယူခြင်း)

(၁) Member တိုင်းသည် မိမိတို့၏ points များကို အခြား member များသို့ ပေးပို့ခြင်း၊ လက်လွှဲယူခြင်းများ ခွင့်မပြုပါ။

Products Listing and Search 

(၁) Application အသုံးပြုသူများသည် device location ကို ဖွင့်ထားမှသာ နီးစပ်ရာဆိုင်များကို ရှာဖွေ၍ order မှာယူနိုင်ပါသည်။

(၂) Application အသုံးပြုသူများသည် product category အလိုက် မုန့်ပုံများ၊ မုန့်အမည်များ၊ စျေးနှုန်းများနှင့် အသေးစိတ်အချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။

(၃) Normal customer အနေဖြင့် လက်ရှိနေ့အတွက် order မှာယူရာတွင် သက်ဆိုင်ရာဆိုင်အလိုက် stock အရေအတွက်ရရှိနိုင်သလောက် ဝယ်ယူနိုင်ပါသည်။ နောက်၅ရက်အတွက်လည်း ကြိုတင်order မှာယူလျင် အရေအတွက်လိုအပ်သလောက် ရရှိနိုင်ပါသည်။

(၄) Reseller customer အနေဖြင့် နောက်၅ရက်အတွက် ကြိုတင်order မှာယူထားနိုင်ပြီး အရေအတွက်ကို မိမိတို့စိတ်ကြိုက်မှာယူထားနိုင်ပါသည်။ လက်ရှိနေ့အတွက်မှာယူသည့်အခါတွင် သက်ဆိုင်ရာဆိုင်အလိုက် stock အရေအတွက်ရရှိနိုင်သလောက်သာ ဝယ်ယူနိုင်ပါသည်။

Shopping Cart & Payment

(၁) Order မှာယူမည့်ဆိုင်ရွေးခြင်း၊ Item များထည့်ခြင်း၊ pickup time‌ များ ရွေးချယ်ပြီးနောက် ထို order အတွက် payment တွင်  ကျသင့်ငွေအား ရွေးချယ်၍ ပေးနိုင်ပါသည်။


(၂) Order Summary တွင် ပြန်လည်  စစ်ဆေးပြီးပါက Slide to Place Order ကို နှိပ်ပေးရပါမည်။


(၃) မှာယူထားသော order အတွက် ဆိုင်ဘက်မှ စစ်ဆေးပြီး ၁၅ မိနစ်အတွင်း Confirmation လုပ်ပေးပါမည်။ Pre order များကို ဆိုင်ဘက်မှ စစ်ဆေးပြီး ၃၀ မိနစ်အတွင်း Confirmation လုပ်ပေးပါမည်။


(၄) ဆိုင်ဘက်မှ confirmation လုပ်ငန်းစဉ်ပြီးဆုံးပါက ထို order confirmation notification ပေးပို့မည်ဖြစ်ပြီး Customer ဘက်မှ payment အတွက် Final Confirmation လုပ်ပေးရပါမည်။

Tracking My Order Stage & Order History

(၁) Order မှာယူခြင်းနှင့် payment confirmation လုပ်ငန်းစဉ်ပြီးဆုံးပါက order အတွက် unique QR code တခု ရရှိပါမည်။ 

(၂) ဆိုင်သို့ order pickup လာယူချိန်တွင် ထို QR code ကို ပြပေးရပါမည်။ QR ပြနိုင်သောသူကိုသာ ဆိုင်မှ ပစ္စည်းပေးအပ်ပါမည်။

(၃) Setting > My Order တွင် နောက်ဆုံး မှာယူခဲ့သော order number ကို နှိပ်ပြီး order stage အခြေအနေကို real time စောင့်ကြည့်နိုင်ပါသည်။

(၄) History တွင် ၃လအတွင်း မှာယူခဲ့သော order များကို ကြည့်ရှုနိုင်ပါသည်။

Order Cancellation

(၁) တစ်ရက်အတွင်းမှာယူထားသော order များကို မှာယူပြီး  (၁) နာရီအတွင်း pickup ယူပေးရပါမည်။ သတ်မှတ်ချိန် (၁)နာရီ ကျော်လျှင် auto cancel ဟုသတ်မှတ်ပါမည်။

(၂) ကြိုတင် order များကို cancel လုပ်မည်ဆိုပါက မှာယူသည့် ရက်မတိုင်ခင် ရှေ့တစ်ရက်၏ (10:30 AM) နောက်ဆုံးထား အကြောင်းကြာပေးရပါမည်။

(၃)  Order Cancel ပြုလုပ်ပါက cancel လုပ်သော Order ၏ ငွေပမာဏအတိုင်း မိမိတို့၏ E-walletထဲသို့ ငွေပြန်၀င်လာမည်ဖြစ်သည်။  

(၄) Wallet ထဲမှ ငွေပမာဏ တစ်ခုခု ကို Pay or Banking အကောင့်ထဲသို့ ပြန်ရွေ့လိုပါက J'donuts ရုံးချုပ်ဘက်သို့ အရင်ဆုံး ဆက်သွယ်ပေးရပါမည်။ ရုံးချုပ်မှ စစ်ဆေးပြီး  

    သတ်မှတ်ရက်အတွင်း ငွေလွှဲလုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးပါမည်။

(၅)  Order မှာယူခြင်းကို confirm ပြုလုပ်ပီးပါက order ကို ပယ်ဖျက်၍ မရပါ။

Loyalty Dashboard

(၁) J'Donuts Member အဖွဲ့ဝင်တိုင်းသည် မိမိတို့၏ အသင်းဝင်အဆင့်တိုးတက်မှုများကို ကြည့်ရှုနိုင်ပါသည်။

(၂) အသင်းဝင်အဆင့်မြင့်မားရန် ရည်ရွယ်ချက်များနှင့် ပန်းတိုင်းများကို ကြည့်ရှုနိုင်ပါသည်။


(၃)  အသင်းဝင်အဆင့်အလိုက် စိန်ခေါ်မှု တခုချင်းစီ ပြီးမြောက်သည့်အခါတိုင်းတွင် points များကို စနစ်မှ သတ်မှတ်ရက်အတွင်း ပေါင်းထည့်ပေးပါမည်။

Member Tier Benefits (Reseller Customer)


Member Tier Benefits (Regular Customer)


ဆက်သွယ်ရန်

(၁) မေးမြန်းစုံစမ်းလိုပါက ရုံးချုပ်ဖုန်းနံပါတ် ( ၀၉ ၄၀၈၂၄၃၅၁၁) သို့ ဆက်သွယ်နိုင်ပါသည်။

(၂)  J'Donuts Myanmar Facebook Page ( https://www.facebook.com/JDonutsMyanmar )၏ Messenger မှလည်း မေးမြန်းနိုင်ပါသည်။

(၃) J'Donuts Myanmar Website (https://jdonuts1.odoo.com/contactus) မှ တဆင့်လည်း ဆက်သွယ်နိုင်ပါသည်။